Home / FAQs

ASTRA FINANCE COMPANY

အမေးများသော မေးခွန်းများနှင့် အဖြေများ

လုပ်ငန်းအကြံပေးခြင်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ မေးခွန်းများနှင့် အဖြေများ။

ASTRA FINANCE • FAQS

လုပ်ငန်းအကြံပေး ဝန်ဆောင်မှုများ

ဆက်သွယ်ရန်

ဆက်သွယ်ရန်

01 Astra Finance မှ မည်သည့် Business Consulting ဝန်ဆောင်မှုများ ပေးအပ်ပါသလဲ။

လုပ်ငန်းတည်ထောင်ခြင်း၊ Business Planning၊ Financial Advisory၊ လုပ်ငန်းလည်ပတ်မှုနှင့် စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန် အကြံပေးခြင်း၊ Digital Transformation နှင့် လုပ်ငန်းတိုးချဲ့ရေးဆိုင်ရာ အထောက်အပံ့များကို လုပ်ငန်းလိုအပ်ချက် အလိုက် ပံ့ပိုးပေးပါသည်။

02 မည်သည့်လုပ်ငန်းအမျိုးအစားများအတွက် Consulting ဝန်ဆောင်မှု ရယူနိုင်ပါသလဲ။

Startup လုပ်ငန်းများ၊ MSMEs၊ လုပ်ငန်းအလတ်စားနှင့် အကြီးစားကုမ္ပဏီများ၊ စွန့်ဦးတီထွင်သူများနှင့် မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်လိုသော ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်ချက်နှင့်ကိုက်ညီသော Business Consulting ဝန်ဆောင်မှုများ ရယူနိုင်ပါသည်။

03 Business Consulting ဝန်ဆောင်မှုမှ မည်သည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသလဲ။

လုပ်ငန်း၏ အားသာချက်နှင့် အားနည်းချက်များကို ပိုမိုနားလည်နိုင်ခြင်း၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်မှု ပိုမိုထိရောက်လာခြင်း၊ အန္တရာယ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းနှင့် ရေရှည်တည်တံ့သော လုပ်ငန်းတိုးတက်မှု အတွက် မှန်ကန်သောဆုံးဖြတ်ချက်များချမှတ်နိုင်ခြင်းတို့ကို အထောက်အကူပြုပါသည်။

04 အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အတွက် သီးသန့်ပံ့ပိုးမှု ကူညီပေးခြင်းများ ရှိပါသလား?

ဟုတ်ကဲ့ ရှိပါသည်။ MSMEs စီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထူးပြုဘဏ္ဍာရေး အကြံဉာဏ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုပံ့ပိုးပေးခြင်းနှင့် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုလမ်းညွှန်ပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။

05 ဝန်ဆောင်မှုများအတွက် ဘဏ္ဍာရေး အကြံဉာဏ် ရယူလိုပါက မည်သို့ ဆက်သွယ်ရမည်နည်း?

Website ပေါ်ရှိ "ဆက်သွယ်ရန်" စာမျက်နှာမှတစ်ဆင့် စာပို့၍သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ ရုံးဖုန်းနံပါတ်နှင့် Email တို့မှတစ်ဆင့် သို့မဟုတ် ရုံးခွဲများသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း တိုက်ရိုက်ဆက်သွယ် မေးမြန်းတိုင်ပင် နိုင်ပါသည်။

သင်၏ နောက်အဆင့်ကို ဤနေရာမှ စတင်ပါ

သင့်ရည်မှန်းချက်ကို Astra Finance နှင့်အတူ အကောင်အထည်ဖော်လိုက်ပါ။