ပင်မ / ကျွန်ုပ်တို့အကြောင်း
ASTRA FINANCE COMPANY
Astra Finance အကြောင်း
ခိုင်မာသော အခြေခံ။ မြန်မာနိုင်ငံအတွက် မျှဝေထားသော မျှော်မှန်းချက်။
ကျွန်ုပ်တို့ မည်သူများဖြစ်သနည်း
ပြည်သူဘဝတိုးတက်ရေးအတွက် ငွေကြေးဝန်ဆောင်မှု
Astra Finance Company သည် ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့သော ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ဘဏ်ဝန်ဆောင်မှုများနှင့် လက်လှမ်းမမီသေးသော ပြည်သူများအတွက် Digital Financial Services ကို လွယ်ကူ၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေရန်အတွက် ရည်ရွယ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့သည် နည်းပညာ၏ အားသာချက်များကို အသုံးချကာ ရိုးရှင်းမြန်ဆန်ပြီး လုံခြုံစိတ်ချရသော ငွေကြေးဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းများမှတစ်ဆင့် အချိန်မရွေး၊ နေရာဒေသမရွေး အလွယ်တကူရယူနိုင်စေရန် ဖန်တီးဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် တစ်ဦးချင်းအသုံးပြုသူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises-MSMEs) ၏ ငွေကြေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ ရေရှည် တိုးတက်ဖွံ့ဖြိုးမှုရရှိစေရန် အစဉ်တစိုက် ပံ့ပိုးကူညီလျက် ရှိပါသည်။
Astra Finance Company သည် ဘဏ္ဍာရေးဝန်ဆောင်မှုများကို လူတိုင်းအတွက် ပိုမိုလွယ်ကူစွာ လက်လှမ်းမီနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် တစ်စိတ်တစ်ပိုင်းပါဝင်အားဖြည့်နိုင်ရန် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၆ ဇန်နဝါရီလတွင် တည်ထောင်ခဲ့သည်
မြန်မာနိုင်ငံ၏ ရေရှည်တိုးတက်မှုအတွက် ကတိကဝတ်ပြုထားသည်။