ပင်မ / ကျွန်ုပ်တို့အကြောင်း

ASTRA FINANCE COMPANY

Astra Finance အကြောင်း

ခိုင်မာသော အခြေခံ။ မြန်မာနိုင်ငံအတွက် မျှဝေထားသော မျှော်မှန်းချက်။

ကျွန်ုပ်တို့ မည်သူများဖြစ်သနည်း

ပြည်သူဘဝတိုးတက်ရေးအတွက် ငွေကြေးဝန်ဆောင်မှု

Astra Finance Company သည် ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့သော ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ဘဏ်ဝန်ဆောင်မှုများနှင့် လက်လှမ်းမမီသေးသော ပြည်သူများအတွက် Digital Financial Services ကို လွယ်ကူ၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေရန်အတွက် ရည်ရွယ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့သည် နည်းပညာ၏ အားသာချက်များကို အသုံးချကာ ရိုးရှင်းမြန်ဆန်ပြီး လုံခြုံစိတ်ချရသော ငွေကြေးဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းများမှတစ်ဆင့် အချိန်မရွေး၊ နေရာဒေသမရွေး အလွယ်တကူရယူနိုင်စေရန် ဖန်တီးဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် တစ်ဦးချင်းအသုံးပြုသူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises-MSMEs) ၏ ငွေကြေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ ရေရှည် တိုးတက်ဖွံ့ဖြိုးမှုရရှိစေရန် အစဉ်တစိုက် ပံ့ပိုးကူညီလျက် ရှိပါသည်။

Astra Finance Company သည် ဘဏ္ဍာရေးဝန်ဆောင်မှုများကို လူတိုင်းအတွက် ပိုမိုလွယ်ကူစွာ လက်လှမ်းမီနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် တစ်စိတ်တစ်ပိုင်းပါဝင်အားဖြည့်နိုင်ရန် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၆ ဇန်နဝါရီလတွင် တည်ထောင်ခဲ့သည်

မြန်မာနိုင်ငံ၏ ရေရှည်တိုးတက်မှုအတွက် ကတိကဝတ်ပြုထားသည်။

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

ယုံကြည်ရသော မိတ်ဖက်။

မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရသော 360° ဘဏ္ဍာရေးနှင့် စီးပွားရေးဖြေရှင်းချက် မိတ်ဖက်အဖြစ် ရပ်တည်ကာ၊ လုပ်ငန်းများအတွက် ခိုင်မာသော အခြေခံအုတ်မြစ်များ တည်ဆောက်ပေးခြင်း၊ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ပံ့ပိုးခြင်းနှင့် ရေရှည်တည်တံ့သော လုပ်ငန်းတိုးတက်မှုကို ဖော်ဆောင်ပေးရန်။

OUR MISSION

သင့်လိုအပ်ချက်ကို ဦးစားပေးခြင်း။

ဖောက်သည်များ၏ လိုအပ်ချက်ကို ဗဟိုပြု၍ ပွင့်လင်းမြင်သာမှုရှိပြီးယုံကြည်စိတ်ချရသော ဘဏ္ဍာရေးဆိုင်ရာ ဖြေရှင်းချက်များကို ပေးအပ်ရန်။

ကျွန်ုပ်တို့လုပ်ငန်း၏ အခြေခံ

ကျွန်ုပ်တို့၏ အဓိကတန်ဖိုးထားမှုများ

01

တာဝန်ယူမှု

02

ဝန်ဆောင်မှုအရည်အသွေး

03

ယုံကြည်မှုနှင့်ပွင့်လင်းမြင်သာမှု

04

အားကိုးယုံကြည်ရမှု

05

တိုးတက်လိုစိတ်

ကျွန်ုပ်တို့၏ ငွေကြေးအခြေခံ

ကျွန်ုပ်တို့ မည်သူများဖြစ်သနည်း

Astra Power Company Limited သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အရည်အသွေးမြင့် စွမ်းအင်ထုတ်လုပ်ရေး စက်ကိရိယာများနှင့် Energy Plant နည်းပညာအသုံးပြုလျက် CNG ဓါတ်ငွေ့များကို တရားဝင်တင်သွင်း၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်း (YESC) နှင့် ပူးပေါင်းကာ စွမ်းအင်ဝန်ဆောင်မှုများကို အရည်အသွေးမြင့်မားစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ပင်မစီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

ကျွန်ုပ်တို့ အဖွဲ့အစည်းအနေဖြင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ အခွန်အခများကို အပြည့်အဝ စနစ်တကျ ထမ်းဆောင်ပြီး ရရှိလာသော အမြတ်ငွေများနှင့် မတည်ငွေရင်းများဖြင့် ရေရှည်ခိုင်မာစွာ ရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် Astra Power Company မှ စနစ်တကျ အခွန်ဆောင်ထားပြီးဖြစ်သည့် ဝင်ငွေ/အမြတ်ငွေများကို Astra Finance Company သို့ မတည်ငွေရင်းအဖြစ် တရားဝင် ပြောင်းရွှေ့ထည့်ဝင်ခဲ့ပါသည်။ ယင်းသို့ ထည့်ဝင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များနှင့်အညီ တရားဝင် လွှဲပြောင်းထည့်ဝင်ထားခြင်းဖြစ်သဖြင့် ကျွန်ုပ်တို့၏ ဘဏ္ဍာရေးအခြေခံ အုတ်မြစ်သည် ခိုင်မာစိတ်ချရပြီး ပွင့်လင်းမြင်သာမှုအပြည့်ရှိကြောင်း အာမခံပါသည်။

သင်၏ နောက်အဆင့်ကို ဤနေရာမှ စတင်ပါ

သင့်ရည်မှန်းချက်ကို Astra Finance နှင့်အတူ အကောင်အထည်ဖော်လိုက်ပါ။